Beyond the clouds (2014)
ဇာတ္လမ္းအက်ဥ္း -
မင္းသား က ႏိုင္ငံျခားရာထူးဝန္စာေမးပြဲေျဖဖို႔ ျပင္ဆင္ေနရင္း အခ်ိန္ပိုင္းအလုပ္ေတြအမ်ားႀကီးလုပ္ေနတဲ့ သူတစ္ေယာက္ ... ေျပာရရင္ေတာ့ ဘဝကို႐ိုး႐ိုးသားသားေနဖို႔ ဆႏၵ႐ွိၿပီး အလုပ္သိပ္ႀကိဳးစားတဲ့ လူငယ္ေလးတစ္ေယာက္ေပါ့ဗ်ာ ...
ဒါေပမယ့္ မင္းသားအေဖက က်ေတာ့ ခိုးဆိုးလိမ္ညာမႈေတြမကင္းတဲ့ ရာဇဝတ္သားတစ္ေယာက္ ... ေလာေလာဆယ္ ထိုင္းမွာပုန္းခိုေနၿပီး အႀကီးစားစိန္ခိုးမႈအေရးအခင္းထဲ ပါဝငပတ္သက္္ဖို႔လုပ္ေနတဲ့သူတစ္ေယာက္ ...
အဲ့လို မင္းသားအေဖကေနမွ သားတစ္ေယာက္လိုပ်ိဳးေထာင္ေပးထားတဲ့ မင္းသားရဲ႕ညီအစ္ကို တစ္ေယာက္႐ွိေသးတယ္ ... သူကက်ေတာ့ မင္းသားအေဖဆီကေန ေမွာင္ခိုကုန္ကူးမႈ လွည့္ကြက္ေတြသင္ယူတတ္ေျမာက္ထားတဲ့ ေက်ာက္မ်က္ေမွာင္ခိုေခါင္းေဆာင္ တစ္ေယာက္ ...
အဲ့လိုနဲ႔ ဘန္ေကာက္က ေက်ာက္မ်က္အေရာင္းျပပြဲမွာ ဘာေတြဘယ္လိုျဖစ္သြားတယ္မသိ မေတာ္တဆျဖစ္ၿပီး မင္းသားအေဖ ေသဆံုးသြားတယ္ ... ျဖစ္ခ်င္ေတာ့ မင္းသားကလည္း တျခားသူတစ္ေယာက္ပစ္သတ္ခံလိုက္ရတဲ့ မႈခင္းေနရာမွာ႐ွိေနတာနဲ႔ တရားခံအျဖစ္စြပ္စြဲခံရၿပီး အဖမ္းခံလိုက္ရတယ္ ...
ဒီလိုနဲ႔ ထိုင္းအက်ဥ္းေထာင္မွာ ငါးႏွစ္ေထာင္က်ၿပီး ျပန္လြတ္လာေတာ့ မွတ္ပံုတင္အတုနဲ႔ သူ႔အေဖလိုမ်ိဳး လူလိမ္တစ္ေယာက္ျဖစ္လာပါေလေရာ ... အဲ့ေနာက္မွာ သူ႔ညီအစ္ကိုလိုဆိုတဲ့ ေမွာင္ခိုသမားနဲ႔ လက္တြဲမိသြားေတာ့တာေပါ့ ...
ဒါေပမယ့္ သူ႔ညီအစ္ကိုဆက္ဆံေရး႐ွိတဲ့ တစ္ေယာက္က အရင္တည္းက သားအရင္းျဖစ္တဲ့ မင္းသားကိုမနာလိုခဲ့ဘူး ... အဲ့မွာမွ သူႀကိဳက္ေနတဲ့ ေကာင္မေလးကပါ မင္းသားကိုေႂကြဆင္းသြားေတာ့ သြားေရာ ... ႏွစ္႐ွည္လမ်ား မသိစိတ္မွာ ကိန္းေအာင္းေနတဲ့ မနာလိုမႈေတြက ေပၚလာေတာ့မွာေပါ့ ...
ဒီလိုနဲ႔ ဇာတ္လမ္းျပန္စရရင္ အေပၚက မင္းသားသတ္လိုက္တယ္ဆိုတဲ့ တစ္ေယာက္က မင္းသမီးရဲ႕ သတို႔သားေလာင္းျဖစ္ေနေရာ ... မင္းသမီးကက် ေက်ာက္မ်က္ရတနာ ဘရန္းတစ္ခုရဲ႕ အေမြခံ သူေဌးသမီး ... သူ႔သတို႔သားေလာင္းေသဆံုးၿပီးတဲ့ေနာက္မွာ သူ႔စိတ္ကိုသူပိတ္ေလွာင္ထားရင္း ေသြးေအးတဲ့သူတစ္ေယာက္ျဖစ္မွန္းမသိ ျဖစ္လာတဲ့ မိန္းကေလး ...
ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ ဆံုေတြ႔ၾကရင္း ဘဝဒဏ္ရာေတြကိုယ္စီနဲ႔ႏွစ္ေယာက္သား ဘာေတြဆက္ျဖစ္ၾကမလဲ ဆိုတာကိုေတာ့ ....
ကိုယ္တိုင္ပဲဆက္လက္ခံစားေပးၾကပါဦးဗ်ာ ...
Review - ေရႊ႐ုပ္
Translator - Su Po Po Oo
Encoder -
MGY Channel မွ ဘာသာျပန္တင္ဆက္ပါသည္
Native Title: 태양은 가득히
Also Known As: Taeyangeun Gadeughi , The Full Sun , Taeyangeun Gadeukh
Screenwriters: Heo Sung Hye
Directors: Kim Jung Hyun
Genres: Thriller, Romance, Crime, Drama, Melodrama
Episodes: 16
Beyond the clouds (2014)
ဇာတ်လမ်းအကျဉ်း -
မင်းသား က နိုင်ငံခြားရာထူးဝန်စာမေးပွဲဖြေဖို့ ပြင်ဆင်နေရင်း အချိန်ပိုင်းအလုပ်တွေအများကြီးလုပ်နေတဲ့ သူတစ်ယောက် ... ပြောရရင်တော့ ဘဝကိုရိုးရိုးသားသားနေဖို့ ဆန္ဒရှိပြီး အလုပ်သိပ်ကြိုးစားတဲ့ လူငယ်လေးတစ်ယောက်ပေါ့ဗျာ ...
ဒါပေမယ့် မင်းသားအဖေက ကျတော့ ခိုးဆိုးလိမ်ညာမှုတွေမကင်းတဲ့ ရာဇဝတ်သားတစ်ယောက် ... လောလောဆယ် ထိုင်းမှာပုန်းခိုနေပြီး အကြီးစားစိန်ခိုးမှုအရေးအခင်းထဲ ပါဝငပတ်သက်ဖို့လုပ်နေတဲ့သူတစ်ယောက် ...
အဲ့လို မင်းသားအဖေကနေမှ သားတစ်ယောက်လိုပျိုးထောင်ပေးထားတဲ့ မင်းသားရဲ့ညီအစ်ကို တစ်ယောက်ရှိသေးတယ် ... သူကကျတော့ မင်းသားအဖေဆီကနေ မှောင်ခိုကုန်ကူးမှု လှည့်ကွက်တွေသင်ယူတတ်မြောက်ထားတဲ့ ကျောက်မျက်မှောင်ခိုခေါင်းဆောင် တစ်ယောက် ...
အဲ့လိုနဲ့ ဘန်ကောက်က ကျောက်မျက်အရောင်းပြပွဲမှာ ဘာတွေဘယ်လိုဖြစ်သွားတယ်မသိ မတော်တဆဖြစ်ပြီး မင်းသားအဖေ သေဆုံးသွားတယ် ... ဖြစ်ချင်တော့ မင်းသားကလည်း တခြားသူတစ်ယောက်ပစ်သတ်ခံလိုက်ရတဲ့ မှုခင်းနေရာမှာရှိနေတာနဲ့ တရားခံအဖြစ်စွပ်စွဲခံရပြီး အဖမ်းခံလိုက်ရတယ် ...
ဒီလိုနဲ့ ထိုင်းအကျဉ်းထောင်မှာ ငါးနှစ်ထောင်ကျပြီး ပြန်လွတ်လာတော့ မှတ်ပုံတင်အတုနဲ့ သူ့အဖေလိုမျိုး လူလိမ်တစ်ယောက်ဖြစ်လာပါလေရော ... အဲ့နောက်မှာ သူ့ညီအစ်ကိုလိုဆိုတဲ့ မှောင်ခိုသမားနဲ့ လက်တွဲမိသွားတော့တာပေါ့ ...
ဒါပေမယ့် သူ့ညီအစ်ကိုဆက်ဆံရေးရှိတဲ့ တစ်ယောက်က အရင်တည်းက သားအရင်းဖြစ်တဲ့ မင်းသားကိုမနာလိုခဲ့ဘူး ... အဲ့မှာမှ သူကြိုက်နေတဲ့ ကောင်မလေးကပါ မင်းသားကိုကြွေဆင်းသွားတော့ သွားရော ... နှစ်ရှည်လများ မသိစိတ်မှာ ကိန်းအောင်းနေတဲ့ မနာလိုမှုတွေက ပေါ်လာတော့မှာပေါ့ ...
ဒီလိုနဲ့ ဇာတ်လမ်းပြန်စရရင် အပေါ်က မင်းသားသတ်လိုက်တယ်ဆိုတဲ့ တစ်ယောက်က မင်းသမီးရဲ့ သတို့သားလောင်းဖြစ်နေရော ... မင်းသမီးကကျ ကျောက်မျက်ရတနာ ဘရန်းတစ်ခုရဲ့ အမွေခံ သူဌေးသမီး ... သူ့သတို့သားလောင်းသေဆုံးပြီးတဲ့နောက်မှာ သူ့စိတ်ကိုသူပိတ်လှောင်ထားရင်း သွေးအေးတဲ့သူတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာတဲ့ မိန်းကလေး ...
ဒီလိုနဲ့ သူတို့နှစ်ယောက် ဆုံတွေ့ကြရင်း ဘဝဒဏ်ရာတွေကိုယ်စီနဲ့နှစ်ယောက်သား ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ....
ကိုယ်တိုင်ပဲဆက်လက်ခံစားပေးကြပါဦးဗျာ ...
Review - ရွှေရုပ်
Translator - Su Po Po Oo
Encoder -
MGY Channel မှ ဘာသာပြန်တင်ဆက်ပါသည်
Native Title: 태양은 가득히
Also Known As: Taeyangeun Gadeughi , The Full Sun , Taeyangeun Gadeukh
Screenwriters: Heo Sung Hye
Directors: Kim Jung Hyun
Genres: Thriller, Romance, Crime, Drama, Melodrama
Episodes: 16
↢ ေဒါင္လြတ္ဆြဲရန္
ဆုိတာကုိ ႏွိပ္၍ ဆြဲပါ ↢
Episode 6 - G
Episode 7 G-drive 720
3 Comments
This comment has been removed by the author.
ReplyDeleteဆက်တင်ပေးပါအုံး admin ရေ
ReplyDeleteဟုတ္ အျမန္တင္ေပးမယ္ေနာ္
Delete