Senior Secret Love: Bake Me Love (2016)
ဇာတ်လမ်းအကျဉ်း -
Reviewer - kham htet
Translator - kham htet
ဇာတ်လမ်းအကျဉ်း -
ကိတ်မုန့်ဘလော့ကာမလေး Mielle ဟာ Kim ဆိုတဲ့ကောင်လေးကို မြင်မြင်ချင်း သဘောကျသွားခဲ့ပါတယ် ...
ဒါပေမယ့် သူမကိတ်မုန့်လုပ်တာမကောင်းဘူး ၊ ကိတ်မုန့်ဘယ်လိုကောင်းအောင်ဖုတ်ရမယ်ဆိုတာကို ကောင်းကောင်းမသိဘဲနဲ့ ဘလော့တွေမတင်သင့်ဘူးလို့ Kim ကစော်ကားပြောဆိုလိုက်တဲ့အခါမှာတော့ Mielle တစ်ယောက် Kim အပေါ်ထားတဲ့ ခံစားချက်တွေပြောင်းလဲသွားပါတော့တယ် ...
အဲ့ဒါကိုလက်စားချေဖို့ Mielle က Kim နဲ့သူ့ရည်းစားဟောင်း Lita တို့ရဲ့ချိန်းတွေ့မှုကိုလိုက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ပါတယ် ...
တကယ်တော့ ရည်းစားဟောင်း Lita ကလည်း Kim ကိုချစ်နေတုန်းပါပဲ ...
အဲ့ဒီနောက်မှာ Kim က သူမရဲ့ဘေးအခန်းက အိမ်နီးချင်းအသစ်ဆိုတာကို Mielle သိရှိသွားပြီး ၊ နှစ်ယောက်သားမတော်တဆ အနမ်းပေးမိသွားကြတဲ့အချိန်မှာတော့ ကိစ္စတွေက ပိုပိုပြီးရှုပ်ထွေးလာပါတော့တယ် ဗျာ ....
ဒီလိုမျိုး မတည့်အတူနေ ၊ ကတောက်ကဆဇာတ်ကားပုံစံမျိုးကို သဘောကျတဲ့သူလေးတွေအတွက် MGY Channel ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာမို့ ဆက်လက် ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် ...
Reviewer - kham htet
Translator - kham htet
Encoder - Nana (သုသာန်ပါတီ)
Native Title: รุ่นพี่ Secret Love ตอน Bake Me Love
Also Known As: Roon Pee Secret Love , Bake Me Love , Size L , Roonpi Secret Love
Genres: Food, Comedy, Romance
0 Comments