My Love From The Ocean


---- ရေပြင်ကျယ်ကချစ်ပုံပြင် ----


အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ....
Spring Flower Autumn Moon ထဲက ချွန်းဟွားလေးရဲ့ ချိုးယွဲ့ကောကော (Li Hong Yi) ပါဝင်သရုပ်ဆောင်ထားတဲ့တရုတ်ဇာတ်ကားကောင်းလေးတစ်ကားပါ ...
ရိုမန့်စ်ကြိုက်သူတွေအတွက် ဒီဇာတ်ကားလေးက ၂၀၁၈ ခုနှစ်ကထွက်ရှိထားပြီး စုစုပေါင်း ၄၅ မိနစ်စာ (၂၈) ပိုင်းပါဝင်ပါတယ် ...
မင်းသားမင်းသမီးတွေအနေနဲ့ကတော့ အားလုံးသိကြတဲ့
- အနမ်းမခြွေပါနဲ့ နတ်ဆိုးလေး
(Master devil don't kiss me)
- ချွန်းဟွား ချိုးယွဲ့ ၊ သိုင်းကမ္ဘာမှထာဝရမေတ္တာ ၊ သိုင်းသံသရာမှ ချစ်ဧည့်သည်
( Love is better than immortality / Spring flower Autumn Moon )
- ဆန်းကြယ်လှစွာ ရှေးရေစက်ကြမ္မာ
( Prodigy Healer) အစရှိတဲ့ ဇာတ်လမ်းကောင်းတွေထဲက မင်းသားချောလေး
" Li Hong Yi "
- အလင်းသခင် ၊ နှင်းပွင့်လေးရဲ့ချစ်ခြင်းအိပ်မက်
( Long for you )
- Cambrian Period
အစရှိတဲ့ ဇာတ်လမ်းတွဲလေးတွေထဲက မင်းသမီးချောလေး
" Zhou Yu Tong "
- Love O2O ထဲက A' Shuang လေး
" Hu Hao Bo " နဲ့
- ပန်းမိစ္ဆာနဲ့ ဓားသူရဲကောင်း
( The Taosim Grandmaster ) ထဲက မင်းသမီးချော
" Wang Xiu Zhu "
တို့ပါဝင်ထားကြပါတယ်
ဒါဆို ဇာတ်လမ်းအကျဉ်းလေးဆက်ပြောပြပေးမယ်နော် ...
" ရေပြင်ကျယ်ကချစ်ပုံပြင် (2018) "
ဇာတ်လမ်းအကျဉ်း -
ကမ္ဘာတစ်ဝှမ်းလုံး ဆေးဝါးအဆိပ်သင့်ခြင်းတွေ ဖြစ်နေတဲ့အချိန်မှာ ရတနာရှာဖွေရေးသမားလေး Chi Lu (Li Hong Yi) က ပညာသင်ကျောင်းသားအယောင်ဆောင်ပြီး Hai Yan မြို့လေး ကို ရောက်လာခဲ့တယ် ... တကယ်တော့ သူလာရတဲ့အကြောင်းရင်းက စီးပွားရေးကိစ္စ နဲ့ စွန့်စားခရီးစဉ်တွေကြောင့်အပြင် အချိန်အတော်ကြာလိုက်ရှာနေတဲ့ တစ်စုံတစ်ယောက်ကို ခြေရာခံဖို့ကြောင့်လည်းပါတယ် ...
အဲ့လိုနဲ့ Hai Yan မြို့က Once စာအုပ်ဆိုင်ပိုင်ရှင် Dai Xi ( Zhou Yu Tong ) နဲ့တွေ့ဆုံပြီး သူမရဲ့ တည်ငြိမ်အေးချမ်းတဲ့ဘဝလေးကို စတင်လှုပ်ခတ်စေဖို့ ဖြစ်လာခဲ့တယ်ပေါ့ ... Dai Xi က ပါမောက္ခ Dai ရဲ့ သမီးဖြစ်ပြီး Once စာအုပ်ဆိုင်ပိုင်ရှင်အပြင်ကို အဏ္ဏာဝါပြတိုက်မှာလုပ်အားပေးနေတဲ့ မိန်းကလေးတစ်ယောက် ... ဒါပေမယ့် သူမမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုရှိတယ် ...
ဒီလိုကနေ မစ်ရှင်တွေဆက်လာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားက ခံစားချက်တွေ တဖြည်းဖြည်းနွေးထွေးလာကြတယ်ပေါ့ .... ဒါပေမယ့် ဒီကြားထဲမှာ မင်းသမီးအဖေ ပါမောက္ခ Dai ပျောက်ဆုံးသွားပြီး ၊ မင်းသားရဲ့ သရုပ်မှန် ဖော်ထုတ်ခြင်းနဲ့အတူ လျှို့ဝှက်ဆေးဝါးရဲ့ တကယ့်ပါဝင်ပစ္စည်းအစစ်အမှန်တွေ ပေါ်ထွက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမှာလဲ....
ဒီရှုပ်ထွေးလှတဲ့ကိစ္စရပ်တွေက သူတို့တွေနဲ့ဘယ်လိုပတ်သက်ဆက်နွယ်နေလဲ ၊ ဘာတွေစုံစမ်းဖော်ထုတ်ကြမှာလဲ ... မင်းသမီးခန္ဓာကိုယ်က ပြောင်းလဲမှုတွေ ၊ အရေပြားယားယံခြင်းတွေကကော ဘာလို့တစ်နေ့တခြားပိုပြီးဆိုးရွားလာရတာလဲ အစရှိတဲ့ သံသယဖြစ်စရာတွေနဲ့ မသင်္ကာဖွယ်ရာတွေကို ဘယ်လိုအဖြေရှာကြမလဲ စိတ်ဝင်တစားစောင့်ကြည့်ကြရမယ့် ဇာတ်ကားကောင်းလေးပါ ....
ဒီကားလေးကတော့ Mystery, Romance, Fantasy, Investigation အမျိုးအစားဖြစ်ပြီး
ကျွန်တော်တို့ www.mgychannel.net ကနေ မကြာခင် MMSub HD နဲ့ ဘာသာပြန်တင်ဆက်ပေးသွားမယ့် ဇာတ်ကားကောင်းလေးပါ ....
ဒါဆို Li Hong Yi Fan လေးတွေကော Drama Fan လေးတွေပါ ကျွန်တော်တို့နဲ့အတူ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော် ...

↢ ဒေါင်လွတ်ဆွဲရန် Episode ဆိုတာကို နှိပ်၍ ဆွဲပါ ↢

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Download google drive link
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 13 New
Episode 14  New
Download  Mega link
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16

Post a Comment

1 Comments