Cheongdamdong Alice (2012)



" ဒီဇိုင်နာမမ (2012) "

(Cheongdamdong Alice (2012))
ဇာတ်လမ်းအကျဉ်း -
ချောင်းဒမ်ဒုံ ရပ်ကွက်ကို ကိုးရီးယားကားတော်တော်များများမှာ ကြည့်ဖူးကြမှာပေါ့ ... ဂန်းနမ်နားက လူကုံထံအသိုင်းအဝိုင်းတွေချည်းနေတဲ့ ရပ်ကွက်လေးလေ ...

အခုဒီဇာတ်ကားလေးက သာမန်ဒီဇိုင်နာမိန်းကလေးတစ်ယောက်ကနေ ချောင်းဒမ်ဒုံအထိ ခရီးဆန့်မယ့် အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ ...

" Han Se Kyung " က ငယ်ရွယ်ပြီး အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေးတစ်ယောက် ... သူမက အကျင့်စာရိတ္တကောင်းသလို " ကြိုးစားခြင်းသည် ခွန်အား " ဆိုတဲ့ဆောင်ပုဒ်ကိုလည်းလက်ကိုင်ဆွဲထားတဲ့ ဒီဇိုင်နာမိန်းကလေးတစ်ယောက်ဖြစ်တယ် ... ဘယ်လိုပဲ သူမက နိုင်ငံခြားမှာ ပညာဆည်းပူးဖို့မတတ်နိုင်ပေမယ့် ပြည်တွင်းမှာ ဆုပေါင်းများစွာရထားတဲ့ ဒီဇိုင်းနာမလေး ...

ဒါပေမယ့် တစ်ရက်မှာ သူမအ​ဖေရဲ့ ကိတ်မုန့်ဆိုင်လေးပိတ်လိုက်ရပြီး ၊ သူမ ခြောက်နှစ်လောက်တွဲလာတဲ့ ကောင်လေးကလည်း သူမရဲ့စုငွေတွေယူပြေးသွားတဲ့ အခါမှာတော့ သူမ တဖြည်းဖြည်းနဲ့ လောကကြီးအပေါ်ထားရှိခဲ့တဲ့ အ​ကောင်းမြင်စိတ်​​တွေလျော့နည်းလာပါ​တော့တယ် ...

အဲ့လိုကနေ အများကြီးရုန်းကန်လာခဲ့ပြီးတဲ့နောက် အဆင့်အတန်းမြင့်တဲ့ အဝတ်အစားကုမ္ပဏီ (GN Fashion) မှာ အလုပ်ရခဲ့တယ် ... ဒါပေမယ့် အလုပ်မှာ ဒီဇိုင်နာဆိုတာထက် အထက် အုပ်ချုပ်ရေးပိုင်းက ကတော်တစ်ယောက်ရဲ့ ဝေယျာဝစ္စ နဲ့ လက်တိုလက်တောင်းတွေသာ လိုက်လုပ်ပေးခဲ့ရတယ် ...

အကြောင်းကတော့ အဲ့ဒီကတော်ဖြစ်သူ " Seo Yoon Joo " က သူမရဲ့ အထက်တန်းကျောင်းတုန်းက ပြိုင်ဘက်တစ်ယောက်ဖြစ်နေပြီး သူမအပေါ်မနာလိုဖြစ်မိလို့ သက်သက်အနိုင်ကျင့်တာပါ ...

Cha Seung-jo (Jean Thierry Cha) ကကျတော့ နာမည်ကျော် ဇိမ်ခံပစ္စည်းကုမ္ပဏီတစ်ခုရဲ့ စီအီးအို ... သူက ငွေအတွက်နဲ့ တခြားယောက်ျားလေးတွေကို လက်ထပ်သွားတဲ့ မိန်းမတွေကြောင့် မိန်းမမုန်းတီးရေးဝါဒီသမားတစ်ယောက် ... ချမ်းသာတဲ့မိသားစုကနေမွေးဖွားလာပေမယ့် သူ့အဖေနဲ့ခွဲထွက်ပြီး သူ့အစွမ်းအစနဲ့သူ ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ထောင်ထားတဲ့သူလည်းဖြစ်တယ် ... ဒါပေမယ့် သူဘယ်လိုပဲ မိန်းမ​တွေကို မယုံကြည်ဘူးပြောပြော နှလုံးသားတစ်နေရာမှာတော့ အချစ်စစ်ကို လိုလားတောင့်တမိနေခဲ့တယ်လေ ...

ဒီလိုကနေ သူတို့တွေ တွေ့ဆုံဖြစ်ပြီး ဘယ်လိုတွေပတ်သက်ဆက်နွယ်ကြမလဲ ... " Han Se Kyung " တစ်ယောက်​ကော အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ဖြတ်သန်းရပြီးတော့ သူမအတိတ်ကို ပြန်ကြည့်မိသွားတဲ့အခါ ... ဘယ်လိုတွေသင်ခန်းစာယူပြီး အနာဂတ်ကိုပိုကောင်းအောင် ဘယ်လိုပြင်ဆင်မလဲဆိုတာတွေကို ကြည့်ရှုခံစားပေးကြပါဦး ခင်ဗျာ ...
Review by - ရွှေရုပ် (Lyřa)
#MGYChannel

Cast :
Moon Geun Young as Han Se Kyung
Park Shi Hoo as Cha Seung Jo
So Yi Hyun as Seo Yoon Joo
Kim Ji Suk as Tommy Hong
Native Title: 청담동 앨리스
Also Known As: Cheongdamdong Aelliseu
Directors: Jo Soo Won
Screenwriters: Kim Ji Woon
Genres: Comedy, Romance, Drama, Melodrama
Episodes: 16
Original Network: SBS
Duration: 1 hr. 8 min

↢ ဒေါင်လွတ်ဆွဲရန် Episode ဆိုတာကို နှိပ်၍ ဆွဲပါ ↢

👇👇 Download Link 👇👇

👉 Episode 1  👈

👉 Episode 2  👈

👉 Episode 3  👈

👉 Episode 4  👈

👉 Episode 5  👈

👉 Episode 6  👈

👉 Episode 7 👈

👉 Episode 8  👈

👉 Episode 9  👈

👉 Episode 10  👈

👉 Episode 11  👈

👉 Episode 12  👈

👉 Episode 13  👈

👉 Episode 14  👈

👉 Episode 15  👈

❤👉 Episode 16  👈❤



Post a Comment

1 Comments