Please Love me 2019


ဇာတ်လမ်းအကျဉ်း -
ပတ်သက်မှုမရှိတဲ့ သူစိမ်းနှစ်ယောက်ကြားက ဟန်ဆောင်လက်ထပ်ကြပြီးတော့ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုရှိလိမ့်မလဲ ...
Pei You You (Xu Xiao Nuo) က အိပ်မက်တွေထမ်းပိုးထားတဲ့ မိန်းမငယ်လေးတစ်ယောက် ... အဲ့ဒီထဲက အကြီးမားဆုံးအိပ်မက်ကတော့ သူမအစွမ်းအစနဲ့ကိုယ်ပိုင်အိမ်လေးတစ်လုံးပိုင်ဆိုင်ချင်တာ ... တကယ်တော့ သူမအမေနဲ့အတူနေခဲ့တဲ့အိမ်လေးကို ပြန်ဝယ်ချင်တာပေါ့ ... ဒီလိုနဲ့ လက်သည်းအလှဖန်တီးရှင်လေးဖြစ်တဲ့သူမက ဖောက်သည်အခိုင်အမာနဲ့ အလုပ်အကိုင်ကောင်းတစ်ခုရှိပြီး ၊ သူမရဲ့အလုပ်ကြိုးစားမှုနဲ့ ပေးကမ်းရက်ရောတတ်တာလေးတွေကြောင့် အိပ်မက်ပန်းတိုင်ဆီလျှောက်နေတဲ့လမ်းလေးက သာယာဖြောင့်ဖြူးလို့နေတယ် ... ဒါပေမယ့် တစ်နေ့မှာ Yi Han ဆိုတဲ့ငွေကြယ်ပွင့် နဲ့ အမှတ်မထင်ဆုံရင်း သူမဘဝလေးမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်လာရတော့တယ် ...
Yi Han ကကျတော့ မသိတဲ့သူမရှိလောက်တဲ့ နာမည်ကျော်အနုပညာရှင်တစ်ယောက် ... ပြည်သူလူထုမျက်လုံးထဲမှာတော့ သူက အနုပညာရှင်ဘဝနဲ့နေသားကျနေပြီး ပါပါရာဇီတွေအကြောင်းနောကျေနေတဲ့သူတစ်ယောက် ... ဒါပေမယ့် သူဘယ်လောက်အထာနပ်နပ် ကံဆိုးမိုးမှောင်ကျလာတော့ သူ့မန်နေဂျာမလေးနဲ့ အထင်မှားစရာ ဓာတ်ပုံတွေအရိုက်ခံလိုက်ရပြီး သူ့အနုပညာအလုပ်ရပ်နားရလောက်တဲ့အထိ ပြင်းထန်တဲ့ကောလာဟလတွေထွက်ပေါ်လာခဲ့တော့တယ် ... အဲ့ဒီအချိန်မှာ Pei You You ဆိုတဲ့ကောင်မလေးက သူမနဲ့အထင်မှားစရာဓာတ်ပုံတွေထုတ်ပြပြီး သူ့ကိုဝင်ကူညီပေးပါရော ...
ဒီလိုနဲ့ နာမည်ကျော်ကြယ်ပွင့်လေး Yi Han တစ်ယောက် ကောလာဟလတွေဖြေရှင်းဖို့အတွက် သူသိတောင်မသိတဲ့ Pei You You ဆိုတဲ့မိန်းကလေးနဲ့ ဟန်ဆောင်လက်ထပ်ဖို့ဖြစ်လာရပါတော့တယ် ... ဒီလိုမျိုး ပျော်ရွှင်စရာစုံတွဲတွေလိုဟန်ဆောင်ရင်း တစ်ဘက်ကလည်း Yi Han အလုပ်အဆင်ပြေသလို တစ်ဘက်ကလည်း Pei You You ရဲ့ အိပ်မက်ထဲကအိမ်လေးပိုင်ဆိုင်ရဖို့ကြိုးစားကြရာက သူတို့နှစ်ယောက်ကြား အချစ်ဆိုတဲ့အရာလေးဝင်ရောက်လာခဲ့ရင် ဘယ်လိုများနေမလဲ ...
တစ်လောကလုံးကိုအသိပေးထားတဲ့ ဟန်ဆောင်လက်ထပ်ပွဲကြီးက အတုမှန်းပေါ်ပေါက်သွားရင်ကော ...
လျှို့ဝှက်ချက်တွေပေါ်ထွက်လာရင်တောင် Yi Han တစ်ယောက်သူ့နှလုံးသားကစစ်မှန်ကြောင်း သက်သေပြနိုင်ပါ့မလားဆိုတာကို ကျွန်တော်တို့ MGY Channel လေးမှာ အတူတူစောင့်ကြည့်ပေးကြပါဦးနော် ...
အဲ့လို မတူညီတဲ့ဘဝတွေနဲ့ မတူညီတဲ့သူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးကို ရိုဆန်ဆန် ရိုက်ကူးပေးထားတာကတော့ ဒါရိုက်တာ Chan Ka Lam ဖြစ်ပါတယ်
ဇာတ်ဆောင်တွေအနေနဲ့ကတော့ -
- Yi Han အဖြစ် မင်းသား
Zhang Yu Jian နဲ့
- Pei You You အဖြစ် မင်းသမီး
Xu Xiao Nuo တို့ပါဝင်ထားကြပါတယ်
ဇာတ်လမ်းလေးက Friendship, Comedy, Romance, Drama အမျိုးအစားဖြစ်ပြီး ၄၅မိနစ်စာ ၂၄ပိုင်း ပါဝင်မှာပါ ...
ဒါဆို ကျွန်တော်တို့အတူစီးမြောခံစားဖို့ www.mgychannel.net မှာလည်းဝင်ရောက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါတယ်ဗျာ ။

Review by - ရွှေရုပ်


↢ ဒေါင်လွတ်ဆွဲရန် Episode ဆိုတာကို နှိပ်၍ ဆွဲပါ ↢


Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24 End


Post a Comment

0 Comments