Lucifer (2019)




                                  Lucifer (2019)
ဒီတစ်ခါတစ်ပိုင်းတည်းအပြီး Bollywood Action ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေပါ ...
ဇာတ်လမ်းအကျဉ်း -
အာဏာရပါတီတစ်ခုဖြစ်တဲ့ Indian Union Front(IUF) ရဲ့ခေါင်းဆောင် ဝန်ကြီးချုပ် PK Ramdas သေဆုံးပြီးတဲ့နောက် ပါတီတွင်းမှာ သူ့နေရာကို ဆက်ခံမယ့်သူရှာဖွေခဲ့ကြတယ် .... အဲ့အချိန်မှာ ဆက်ခံသူဖြစ်နိုင်ချေအရှိဆုံး လူငါးယောက်ကတော့ Ramdas ရဲ့ သမီးနဲ့ သားဖြစ်သူ Priya နဲ့ Jathin ၊ သားမက်ဖြစ်သူ Bobby Nair နဲ့ ပါတီဝင်တွေဖြစ်ကြတဲ့ Mahesha Varma နဲ့ Stephen Nedumpally တို့ဖြစ်ကြတယ် ...

ဒီလိုနဲ့ အပြိုင်အဆိုင်တွေကြားမှာ Ramdas ရဲ့သားမက်ဖြစ်သူ Bobby က သူ့ရဲ့တရားမဝင်စီးပွားရေးလုပ်ငန်းတွေကိုတွန်းအားပေးနိုင်မယ့် အာဏာတစ်ရပ်ရဖို့ ပါတီကို ရံပုံငွေထောက်ပံ့ပေးမယ်လို့ကမ်းလှမ်းလိုက်တယ် ... ဒါပေမယ့် သူ့အကြံအစည်တွေနဲ့ ၊ သူ့လမ်းကြောင်းမှာ ပိတ်ဆို့တားဆီးနေတဲ့ လူတစ်ယောက်ကရှိနေပြန်ရော ... အဲ့ဒီလူကတော့ ပြိုင်ဘက်တွေထဲက လျို့ဝှက်သိုသိပ်ပြီး ပဟေဠိအဆန်ဆုံး ၊ အန္တရာယ်အရှိနိုင်ဆုံး " Lucifer " လို့ပြောရလောက်တဲ့ Stephen ပဲဖြစ်ပါတယ်

ကဲ အရသာပျက်မှာစိုးလို့ ရှည်ရှည်ဝေးဝေးမပြောပြတော့ပါဘူး ... ဒီလိုမျိုး ပါတီတွင်းအားပြိုင်မှု ၊ ပါတီတွေကြားက အတိုက်အခံယှဉ်ပြိုင်မှု ၊ နိုင်ငံရေးအကြောင်းအရာတွေနဲ့ မိသားစုပြဿနာတွေကို စိတ်လှုပ်ရှားဖွယ်ရာရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်ကြမ်းရုပ်ရှင်ကား " Lucifer " ကို ကျွန်တော်တို့ MGY Channel မှာ အခုပဲ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ကြပါဦးလားဗျာ ...

ဇာတ်လမ်းက ၂၀၁၉ မတ်လ ၂၈ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ဇာတ်လမ်းကြာမြင့်ချိန်ကတော့ ၂ နာရီ ၅၄ မိနစ်ဝန်းကျင်ပါ ...
Translated & Shwe htee (ပုလဲ)
Revie by ရွှေရုပ်
Encoded by Mg Minhla
Genres – Action
Run Time – 2 Hr 54 mins


 e




Post a Comment

0 Comments