" စူပါမင်း နှင့် မာနရှင် " (Witch Yoo Hee 2007)
ငယ်ငယ်တုန်းက ကျွန်တော်တို့အသည်းစွဲကြိုက်ခဲ့တဲ့ဇာတ်လမ်းတွဲလေး ....
ဇာတ်လမ်းအကျဉ်း -
အကြင်နာကင်းမဲ့ပြီး၊ ပြတ်သားတဲ့ သူမရဲ့ ဆတ်ဆတ်ကြဲပုံစံလေးတွေကြောင့် ' စုန်းမ ' လို့အများက ခေါ်တွင်ရတဲ့ " မာယူဟီး " _
သူမကတော့ အဖေဖြစ်သူရဲ့ ကြော်ငြာကုမ္ပဏီတစ်ခုမှာ ဒါရိုက်တာရာထူးနဲ့ဝင်ရောက်လုပ်ကိုင်နေပြီး အိမ်ထောင်ဖက် (ဘလိုင်းဒိတ်) တွေဆက်တိုက်တွေ့နေပေမယ့် အဆင်မပြေဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ပါ ...
(မင်းသမီးရဲ့ စစချင်းပုံစံကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ် ... ဆံပင်ကြီးစည်းပြီး မျက်မှန်နဲ့ ဝတ်စုံပြည့်အဖြူအမည်းကာလာဒီဇိုင်းနဲ့လေ 😅)
အဲ့လိုပုံတုံးတုံးနဲ့ ဇီဇာကြောင်တဲ့သူမကို အိမ်ထောင်ဖက်တွေ့တဲ့သူတိုင်းက လက်ခါပြရုံတင်မကဘဲ ၊ အိမ်ထိန်း(အိမ်အကူ) တွေကလည်း သူမ အိမ်ကိုတစ်ယောက်မှမလာချင်ကြဘူးတဲ့ ...
ဒီလိုနဲ့ စုန်းမတစ်ယောက် မမျှော်လင့်ထားတဲ့ အကြောင်းရင်းပေါင်းစုံနဲ့ တစ်နေ့မှာ " ချယ်မူယွန်း " ဆိုတဲ့ကောင်လေးနဲ့ ဆုံဖြစ်ပါတော့တယ် ...
မူယွန်းကကျ မိဘတွေဖြစ်စေချင်တဲ့ ဆေးကျောင်းကို ကိုယ့်သဘောနဲ့ကိုယ်နှုတ်ထွက်လိုက်ပြီး ၊ ကိုယ်ဝါသနာပါတဲ့ စာဖိုမှူးတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ သူတစ်ယောက် ...
အဲ့လိုကနေ တစ်ရက်ကျ စုန်းမ ကားကိုဝင်တိုက်မိပြီး လျော်ကြေးပေးဖို့မတတ်နိုင်တဲ့အတွက် မူယွန်းတစ်ယောက် သူမအိမ်မှာ အိမ်အကူနဲ့ သူမရဲ့အချစ်ရေးနည်းပြ လုပ်ပေးဖို့ဖြစ်လာတော့တယ် ....
နောက်ပြီး တစ်ဆက်တည်းမှာပဲ စုန်းမ ရဲ့ဘေးမှာ နောက်ထပ် မင်းသားလေးနှစ်ယောက်လည်းရှိနေသေးတယ် .... သူတို့ကတော့
စုန်းမရဲ့ ငယ်သူငယ်ချင်း - နာမည်ကျော် စားဖိုမှူးကြီး ဂျော်နီခရူကာ နဲ့
စုန်းမရဲ့ အချစ်ဦး - ခွဲစိတ်ဆရာဝန်လေး ယူဂျွန်းဟာ တို့ပါ ....
ဒီလိုနဲ့ တွေ့သမျှယောက်ျားလေးတိုင်းကို လန့်ပြေးအောင်လုပ်နိုင်တဲ့ မာနရှင် စုန်းမတစ်ယောက် အချစ်ရေးနည်းပြ ကိုစူပါမင်းရဲ့ လမ်းညွှန်မှုအောက်မှာ ဘယ်လိုတွေပြောင်းလဲလာကြမလဲ ...
သူမ ဘေးက မင်းသားချောနှစ်ယောက်ကကော သူမ အပေါ်သဘောထားတွေပြောင်းလဲလာပါ့မလား ...
" ဆောင်းမီ " ဆိုတဲ့ ရည်းစားချော ရှိနှင့်ပြီးတဲ့ ကိုစူပါမင်းကြီးကကော စုန်းမနဲ့အနေနီးရင်း သူမအပေါ် ချစ်ကျွမ်းဝင်မိသွားမလားဆိုတာ ....
ငါးယောက်ကြားက ရင်ခုန်စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်းလေးကို အတူတူစောင့်ကြည့်ကြရအောင်လားဗျာ ...
Review by - ရွှေရုပ်
Drama: Witch Yoo Hee
Country: South Korea
Episodes: 16
Aired: Mar 21, 2007 - May 10, 2007
Aired On: Wednesday, Thursday
Original Network: SBS
Duration: 60 min.
↢ ဒေါင်လွတ်ဆွဲရန် Episode ဆိုတာကို နှိပ်၍ ဆွဲပါ ↢
Download google drive link
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Download Mega link
Episode 1
Episode 2
1 Comments
လင့သနေပေီ
ReplyDelete