ေလေပြမိန္းကေလး (အတြဲ ၁)
(The Whirlwind Girl S1)
ဇာတ္လမ္းအၫႊန္း -
ဇာတ္ကားေလးက ယြမ္ဝူေတာက္အားကစားရဲ႕ မူလဇာစ္ျမစ္ျဖစ္တဲ့ အန္႔ယန္ၿမိဳ႕ေလးကေနစတယ္ ...
(ယြမ္ဝူေတာက္ဆိုတာ တိုက္ကြမ္ဒိုလိုပံုစံမ်ိဳးကိုမွ ဇာတ္လမ္းသေဘာတရားအရ ပံုစံေျပာင္းထားတဲ့ ကိုယ္ခံပညာအားကစားတစ္မ်ိဳး ... အျပင္မွာတကယ္မ႐ွိတဲ့အတြက္ တိုက္ကြမ္ဒိုလို႔ပဲ ေျပာၾကတာေပါ့)
" ခ်ီပိုင္ေခ်ာင္ " က ငယ္စဥ္ကတည္းက တိုက္ကြမ္ဒိုကိုဝါသနာႀကီးတဲ့ မိန္းကေလးတစ္ေယာက္ ... ငယ္ငယ္တုန္းက မိဘေတြကိုဆံုး႐ႈံးလိုက္ရၿပီး​ေတာ့ သူမကို ကမာၻ႕တိုက္ကြမ္ဒိုခ်န္ပီယံေဟာင္း " ခြၽီ႐ွန္႔နန္ " ကေန တပည့္အျဖစ္ေခၚယူေမြးစားခဲ့တယ္ ...
ဒါ​ေပမယ့္ သူမရဲ႕ဆရာ ခြၽီ႐ွန္႔နန္က ၿပိဳင္ပြဲမွာ ​ေဆးသံုးတယ္လို႔စြပ္စြဲခံရၿပီး အ႐ႈံးသမားအျဖစ္ ဆယ္ႏွစ္ၾကာ​ေနထိုင္လာခဲ့ရတယ္ ... အဲ့ဒါနဲ႔ပဲ ခ်ီပိုင္ေခ်ာင္တစ္ေယာက္ " ခြၽမ္႐ွန္း အားကစားရံု " မွာ တရားဝင္သင္တန္းသားအျဖစ္ဝင္ခြင့္မရဘဲ ေအာက္ေျခသိမ္းအလုပ္ေတြလုပ္ေပးၿပီး သူ႔ဆရာကိုျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တယ္ ...
" ေရာ့္ပိုင္ " ကက်ေတာ့ " စုန္႔ပိုင္အားကစားရံု " က တပည့္ႀကီး / တိုက္ကြမ္ဒို စီနီယာႀကီးတစ္ေယာက္ ... ခ်ီပိုင္ေခ်ာင္ အရင္ေနရာကေန ေမာင္းထုတ္ခံရၿပီးေတာ့ စုန္႔ပိုင္မွာ သူမရဲ႕စီနီယာတစ္ျဖစ္လဲ သင္တန္းနည္းျပ ျဖစ္လာမယ့္သူ ... တစ္ကိုယ္ေကာင္းမဆန္ဘဲ ေအးတိေအးစက္နဲ႔ ေႏြးေထြးတဲ့ ပံုစံမ်ိဳးနဲ႔ သူက ခ်ီပိုင္ေခ်ာင္ရဲ႕ တိုက္ကြမ္ဒိုကစားသမားဘဝကို တိုးတက္လာေအာင္ေလ့က်င့္သင္ၾကားေပးရင္း သူမအ​ေပၚ​ေမတၱာသက္ဝင္လာ​ေတာ့တယ္ ...
" ဖန္းထင္ေဟာက္ " ကက် ႏိုင္ငံတကာတိုက္ကြမ္ဒို ခ်န္ပီယံတစ္ေယာက္ ျဖစ္ၿပီး လက္႐ွိမွာ ပထမရထားတဲ့ ကစားသမား ... သူကက် ဘဝင္ျမင့္ၿပီး ျမႇာေပြတဲ့ပံုစံမ်ိဳးျဖစ္ေနေပမယ့္ တကယ္က ၾကင္နာတတ္တဲ့ ႏွလံုးသား႐ွိတယ္ ... တစ္ရက္ေတာ့ ခ်ီပိုင္ေခ်ာင္နဲ႔ မေတာ္တဆေတြ႔ဆံုမိၿပီး သူမကို ျမင္ျမင္ခ်င္းပဲခ်စ္မိသြားေတာ့တယ္ေလ ...
" ယြိခ်ဴးယြမ္ " ကက်ေတာ့ တိုက္ကြမ္ဒိုကေန ႏႈတ္ထြက္ထားတဲ့ အေတာ္ဆံုးခ်န္ပီယံေဟာင္းတစ္ဦး ... သူက " စုန္႔ပိုင္ အားကစားရံု " ရဲ႕ပိုင္႐ွင္မိသားစုကျဖစ္တဲ့အျပင္ ေရာ့္ပိုင္ရဲ႕တစ္ခ်ိန္က စံျပစီနီယာတစ္ေယာက္လည္းျဖစ္တယ္ ... အခုေတာ့ ႏႈတ္ထြက္ၿပီး စုန္႔ပိုင္မွာ ေဆးဝန္ထမ္းအျဖစ္ပဲ​ေနေနတဲ့ တည္ၿငိမ္ေအးေဆးတဲ့ သူတစ္ေယာက္ ... သူဟာလည္းပဲ ခ်ီပိုင္ေခ်ာင္ကို ေဖးမအားေပးရင္းနဲ႔ပဲ ေမတၱာစိတ္႐ွိလာခဲ့တယ္ေလ ...
ဒီလိုနဲ႔ တိုက္ကြမ္ဒိုမယ္ေလး " ခ်ီပိုင္ေခ်ာင္ " ရဲ႕ သင္တန္းသားဘဝကေန တိုက္ကြမ္ဒိုေလာကမွာ တစ္မူထူးၿပီး အရမ္းေတာ္တဲ့ အမ်ိဳးသမီး အားကစားသမား ( ​ေလေပြမိန္းကေလးလို႕ေျပာစမွတ္ျပဳေလာက္တဲ့ ) ဘဝထိကို ဘယ္လိုမ်ိဳးေရာက္လာသလဲဆိုတာကို ေစာင့္ၾကည့္ၾကရမွာပါ ...
( ေလေပြမိန္းကေလး = အလြန္လ်င္ျမန္ေသာ မိန္းကေလး ) ဆိုတဲ့ သူမရဲ႕ ခရီးလမ္းမွာ မင္းသားေခ်ာ သံုးေယာက္နဲ႔ေကာ ဘယ္လိုေတြ ပတ္သက္ဆက္ႏြယ္ၿပီး သူမဘယ္သူ႔ကိုခ်စ္မိသြားမလဲ ... ေနာက္ဆံုး ဘယ္သူ႔ကိုေရြးခ်ယ္လိုက္မလဲဆိုတာကို ကြၽန္ေတာ္တို႔အတူေစာင့္ၾကည့္ၾကတာေပါ့ ✌
Review by - ေရႊ႐ုပ္ (Lyra)
Coming Soon on MGY Channel ☺
#စုစုေပါင္း - ၃၂ ပိုင္း
#ဇာတ္ေဆာင္မ်ား - Hu Bingqing , Yang Yang , Chen Xiang , Bai Jingting
#အမ်ိဳးအစား - Teen , Sports , Romance , Comedy
https://mgychannelone.blogspot.com/
လေပွေမိန်းကလေး (အတွဲ ၁)
(The Whirlwind Girl S1)
ဇာတ်လမ်းအညွှန်း -
ဇာတ်ကားလေးက ယွမ်ဝူတောက်အားကစားရဲ့ မူလဇာစ်မြစ်ဖြစ်တဲ့ အန့်ယန်မြို့လေးကနေစတယ် ...
(ယွမ်ဝူတောက်ဆိုတာ တိုက်ကွမ်ဒိုလိုပုံစံမျိုးကိုမှ ဇာတ်လမ်းသဘောတရားအရ ပုံစံပြောင်းထားတဲ့ ကိုယ်ခံပညာအားကစားတစ်မျိုး ... အပြင်မှာတကယ်မရှိတဲ့အတွက် တိုက်ကွမ်ဒိုလို့ပဲ ပြောကြတာပေါ့)
" ချီပိုင်ချောင် " က ငယ်စဉ်ကတည်းက တိုက်ကွမ်ဒိုကိုဝါသနာကြီးတဲ့ မိန်းကလေးတစ်ယောက် ... ငယ်ငယ်တုန်းက မိဘတွေကိုဆုံးရှုံးလိုက်ရပြီးတော့ သူမကို ကမ္ဘာ့တိုက်ကွမ်ဒိုချန်ပီယံဟောင်း " ချွီရှန့်နန် " ကနေ တပည့်အဖြစ်ခေါ်ယူမွေးစားခဲ့တယ် ...
ဒါပေမယ့် သူမရဲ့ဆရာ ချွီရှန့်နန်က ပြိုင်ပွဲမှာ ဆေးသုံးတယ်လို့စွပ်စွဲခံရပြီး အရှုံးသမားအဖြစ် ဆယ်နှစ်ကြာနေထိုင်လာခဲ့ရတယ် ... အဲ့ဒါနဲ့ပဲ ချီပိုင်ချောင်တစ်ယောက် " ချွမ်ရှန်း အားကစားရုံ " မှာ တရားဝင်သင်တန်းသားအဖြစ်ဝင်ခွင့်မရဘဲ အောက်ခြေသိမ်းအလုပ်တွေလုပ်ပေးပြီး သူ့ဆရာကိုပြုစုစောင့်ရှောက်ပေးခဲ့တယ် ...
" ရော့်ပိုင် " ကကျတော့ " စုန့်ပိုင်အားကစားရုံ " က တပည့်ကြီး / တိုက်ကွမ်ဒို စီနီယာကြီးတစ်ယောက် ... ချီပိုင်ချောင် အရင်နေရာကနေ မောင်းထုတ်ခံရပြီးတော့ စုန့်ပိုင်မှာ သူမရဲ့စီနီယာတစ်ဖြစ်လဲ သင်တန်းနည်းပြ ဖြစ်လာမယ့်သူ ... တစ်ကိုယ်ကောင်းမဆန်ဘဲ အေးတိအေးစက်နဲ့ နွေးထွေးတဲ့ ပုံစံမျိုးနဲ့ သူက ချီပိုင်ချောင်ရဲ့ တိုက်ကွမ်ဒိုကစားသမားဘဝကို တိုးတက်လာအောင်လေ့ကျင့်သင်ကြားပေးရင်း သူမအပေါ်မေတ္တာသက်ဝင်လာတော့တယ် ...
" ဖန်းထင်ဟောက် " ကကျ နိုင်ငံတကာတိုက်ကွမ်ဒို ချန်ပီယံတစ်ယောက် ဖြစ်ပြီး လက်ရှိမှာ ပထမရထားတဲ့ ကစားသမား ... သူကကျ ဘဝင်မြင့်ပြီး မြှာပွေတဲ့ပုံစံမျိုးဖြစ်နေပေမယ့် တကယ်က ကြင်နာတတ်တဲ့ နှလုံးသားရှိတယ် ... တစ်ရက်တော့ ချီပိုင်ချောင်နဲ့ မတော်တဆတွေ့ဆုံမိပြီး သူမကို မြင်မြင်ချင်းပဲချစ်မိသွားတော့တယ်လေ ...
" ယွိချူးယွမ် " ကကျတော့ တိုက်ကွမ်ဒိုကနေ နှုတ်ထွက်ထားတဲ့ အတော်ဆုံးချန်ပီယံဟောင်းတစ်ဦး ... သူက " စုန့်ပိုင် အားကစားရုံ " ရဲ့ပိုင်ရှင်မိသားစုကဖြစ်တဲ့အပြင် ရော့်ပိုင်ရဲ့တစ်ချိန်က စံပြစီနီယာတစ်ယောက်လည်းဖြစ်တယ် ... အခုတော့ နှုတ်ထွက်ပြီး စုန့်ပိုင်မှာ ဆေးဝန်ထမ်းအဖြစ်ပဲနေနေတဲ့ တည်ငြိမ်အေးဆေးတဲ့ သူတစ်ယောက် ... သူဟာလည်းပဲ ချီပိုင်ချောင်ကို ဖေးမအားပေးရင်းနဲ့ပဲ မေတ္တာစိတ်ရှိလာခဲ့တယ်လေ ...
ဒီလိုနဲ့ တိုက်ကွမ်ဒိုမယ်လေး " ချီပိုင်ချောင် " ရဲ့ သင်တန်းသားဘဝကနေ တိုက်ကွမ်ဒိုလောကမှာ တစ်မူထူးပြီး အရမ်းတော်တဲ့ အမျိုးသမီး အားကစားသမား ( လေပွေမိန်းကလေးလို့ပြောစမှတ်ပြုလောက်တဲ့ ) ဘဝထိကို ဘယ်လိုမျိုးရောက်လာသလဲဆိုတာကို စောင့်ကြည့်ကြရမှာပါ ...
( လေပွေမိန်းကလေး = အလွန်လျင်မြန်သော မိန်းကလေး ) ဆိုတဲ့ သူမရဲ့ ခရီးလမ်းမှာ မင်းသားချော သုံးယောက်နဲ့ကော ဘယ်လိုတွေ ပတ်သက်ဆက်နွယ်ပြီး သူမဘယ်သူ့ကိုချစ်မိသွားမလဲ ... နောက်ဆုံး ဘယ်သူ့ကိုရွေးချယ်လိုက်မလဲဆိုတာကို ကျွန်တော်တို့အတူစောင့်ကြည့်ကြတာပေါ့ ✌
Review by - ရွှေရုပ် (Lyra)
Coming Soon on MGY Channel ☺
#စုစုပေါင်း - ၃၂ ပိုင်း
#ဇာတ်ဆောင်များ - Hu Bingqing , Yang Yang , Chen Xiang , Bai Jingting
#အမျိုးအစား - Teen , Sports , Romance , Comedy

↢ ေဒါင္လြတ္ဆြဲရန္ Episode ဆုိတာကုိ ႏွိပ္၍ ဆြဲပါ ↢

Episode 1

Episode 18

Episode 19

Episode 20

Episode 21

Episode 22

Episode 23

Episode 24

Episode 25

Episode 26

Episode 27

Episode 28

Episode 29

Episode 30

Episode 31

Episode 32  End